မင်္ဂလာပါ...။ခမ်းကောင်ချယ်ရီမှ အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ် .....။ လာရောက်လည်ပတ်ကြသော မိတ်ဆွေသူငယ်ချင်းများအားလုံး ကာယစိတ္တနှစ်ဖြာသောသုခ ပြည့်ဝနိုင်ကြပါစေ..။

Popular Posts

Tuesday, March 12, 2013

Tuesday, October 9, 2012

ပွယ့်တန်မွူးနီ့ခွို့ပအိုဝ်း



ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ


သူငယ်ချင်းတို့ရေ...

    ဘ၀မှာ ကိုယ်နဲ့ အပ်စပ်တဲ့ အမှန်တရားကို ထိတွေ့မိဖို့ မလွယ်လှပါ..။
ဒီလို ထိတွေ့မိရင်လဲ ..လူဆိုတာ ရိုက်နှက်ဆုံးမစရာ မလိုတော့ပါ..။
ကျွန်တော့် အဖြစ်အပျက်တစ်ခု ပြောပြပါ့မယ်..။

       ကျွန်တော် မလေးရှားကိုရောက်ခါစ လူက ငယ်ငယ် ၊စိတ်က မြန်မြန်ထက်ထက် ၊ ကိုယ်ကိုမဟုတ်တာ
လာလုပ် ၊ လာပြောရင် မခံတတ်ပဲ ချက်ချင်းပြန်လုပ်တတ် ၊ ပြောတတ်တဲ့ စိတ်ကလဲ ရှိနေသေး..။
ပြဿနာ တစ်ခုကို ဦးနှောက်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ထက် စကားကလဲ များများမပြောတတ်တော့
ကိုယ့်ကိုလာကြောရင် လက်ကပါပြီးသား....။
ဒါကလဲ မြန်မာနိုင်ငံမှာကတည်းက ဘာမှ မလုပ်ဖူးပဲ အိမ်မှာပဲနေဖူးတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် မနေတတ်တာလဲ ပါမှာပေါ့လေ...။
          ဒါကြောင့် မလေးရှား ရောက်နေတာကို သူတို့ကို သူတို့ အမေရိကားမှာ ပညာတော်သင်ရောက်နေတယ် လို့ထင်နေတဲ့ တောသားတွေနဲ့ မလေးရှားရောက်ပြီး
နှစ်ပတ်အတွင်းမှာ ရန် ၄ ပွဲ ဖြစ်သလို ၊ နောက် ၂ လအတွင်းမှာလဲ လူ ၂၀၀ ကို ဦးဆောင်ပြီး
စက်ရုံကို ဆန္ဒ ၅ ခါပြဖူးတယ်..။

ပွယ်,တန်မွူးနီ,ခွို,ပအိုဝ်;




အတွေးအမြင်များ


(၁) "ငါ မဆိုးဘူး" လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်
ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့
စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အ
ရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

တိုးတိုးတိတ်တိတ်စကား(၁၀)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။ 

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်းပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

Sunday, October 7, 2012

ဇွဲ

Victory belongs to the most persevering.
                                                        (Napoleon)
ဇွဲအရှိဆုံးလူဟာ အောင်ပွဲခံရစမြဲပဲ။
                                      (နပိုလီယံ)

ဘာပဲလုပ်လုပ် ဇွဲရှိဖို့ လိုပါတယ်၊
တစ်ကြိမ်တစ်ခါ ကြိုးစာလုပ်ဆောင်လို့
မအောင်မြင်ရင်
အကြိမ်ကြိမ် ကြိုးစားအားထုတ်ပါ။
အကြိမ်တစ်ရာ ခုတ်လှဲရမယ့် သစ်ပင်ကြီးကို
၉၉-ကြိမ် ခုတ်ပြီးမှ ရပ်မပစ်လိုက်ပါနဲ့။
အကြိမ်တစ်ရာမြောက်တစ်ချက်ဟာ
ရှေ့ကလုပ်ခဲ့သမျှကို 
အဆုံးအဖြတ်ပေးမယ့်....
...အဖြေပါပဲ....။ 

အပျင်းပြေ Drum တီးကြရအောင်